အချစ်ဆိုတာ တန်ဘိုးမသိတဲ့မင်း
အလွမ်းဆိုတာရှိရဲ့လား?
ကောင်းကင်ကလမင်းကို
ရူးသွပ်စွာလိုချင်တဲ့
ကလေးတစ်ယောက်လဲမဟုတ်
ပင်လယ်ပြင်မှာ လက်ပစ်ကူးမယ့်
ဇနက္ကလဲမဟုတ်
လေထဲတိုက်အိမ်ဆောက်မဲ့
စိတ်ကူးယဉ်သမားလဲမဟုတ်
ငါ့ကို
မလှပတဲ့ အချစ်သံစဉ်
အလွမ်းတေးတစ်ပုဒ်နဲ့
ချွေးမသိပ်ပါနဲ့.....
No comments:
Post a Comment