Thursday, September 18, 2008
မင်းမချစ်တဲ့ငါ
အသက်ကိုပုံအော
နှလုံးသားကို ခင်းပေးထားတဲ့
ဒီလမ်းကိုမှ မင်းက
ဆူးတောလို့ထင်မယ်ဆိုလဲ
ငါ့ဘဝဒီထက်ရင်းပေးစရာ
ဘာများကျန်သေးလို့လဲ
နင့်အတွက်ဘာကိုထပ်ပြီး
ငါပေးဆပ်ရဦးမှာလဲ
မင်းလိုအပ်တာကို
တတ်နိုင်သလောက်
ဖြည့်စွမ်းဖို့ လူလောကထဲကို
ငါရောက်လာခဲ့ပေမဲ့
မင်းကမှ မလိုအပ်ခဲ့တာ
တစ်နေ့
မင်းလိုအပ်တဲ့အခါ ......
Subscribe to:
Posts (Atom)