Friday, December 5, 2008

အရူးတစ်ယောက်မဟုတ်ပါ


အချစ်ဆိုတာ တန်ဘိုးမသိတဲ့မင်း
အလွမ်းဆိုတာရှိရဲ့လား?
ကောင်းကင်ကလမင်းကို
ရူးသွပ်စွာလိုချင်တဲ့
ကလေးတစ်ယောက်လဲမဟုတ်
ပင်လယ်ပြင်မှာ လက်ပစ်ကူးမယ့်
ဇနက္ကလဲမဟုတ်
လေထဲတိုက်အိမ်ဆောက်မဲ့
စိတ်ကူးယဉ်သမားလဲမဟုတ်
ငါ့ကို
မလှပတဲ့ အချစ်သံစဉ်
အလွမ်းတေးတစ်ပုဒ်နဲ့
ချွေးမသိပ်ပါနဲ့.....

ချစ်သူ


အိပ်မက်ဆိုးတွေကို ငါမကြောက်ခဲ့ဘူး
အိပ်မပျော်တဲ့သူမို့ပါ
သေဒဏ်ဆိုတာ ငါမကြောက်ခဲ့ဘူး
ငါဟာတစ္ဆေတစ်ကောင်မို့ပါ
အလွမ်းဆိုတာ ငါမကြောက်ခဲ့ဘူး
ငါက အရမ်းချစ်တတ်ခဲ့လို့ပါ
အိပ်မက်ဆိုးတွေကို ငါမကြောက်ခဲ့ဘူး
အိပ်မပျော်တဲ့သူမို့ပါ
သေဒဏ်ဆိုတာ ငါမကြောက်ခဲ့ဘူး
ငါဟာတစ္ဆေတစ်ကောင်မို့ပါ
အလွမ်းဆိုတာ ငါမကြောက်ခဲ့ဘူး
ငါက အရမ်းချစ်တတ်ခဲ့လို့ပါ
၂၃.၇.၀၇(ရုရှား) ကိုနေ