Tuesday, September 9, 2008

ဗိုလ်အောင်ဒင်ရဲ့ဖူးစာ


မင်းနှုတ်ကအမြဲပြောတဲ့
ဘယ်တော့မှမချစ်ဘူးဆိုတာ
မကြားချင်ပေမဲ့
မင်းကနေ့စဉ်အသံလွှင့်အစီအစဉ်က
အမျိုးသမီးကြေငြာသလို
ပြောနေတာတာကြီးက
ငါ့ကိုသေအောင်သတ်တာထက်ပိုဆိုးတယ်နော်…
သူငယ်ချင်းပဲကောင်းတယ်တဲ့လားကွာ
ချစ်တာကို ဒါလေးနဲ့ဖြေလို့ရသတဲ့လား
နာကျင်မှုတွေကမုန်းတီးမှုတွေဖြစ်မလာပဲ
တိုးတိုးပြီးချစ်နေတာက
ဝဋ်ကြွေးဆိုလဲ မင်းအချစ်သာငါရမယ်ဆို
ငါဘဝအဆက်ဆက်
ဝဋ်ကြွေးဆပ်ပါ့မယ်..
ငါ ဟာဗိုလ်အောင်ဒင်လား
မင်းအတွက်ကိုဘချစ်ရောရှိနေလို့လား


No comments: