Saturday, September 6, 2008

လှည့်ကြည့်ပေးပါ


နေက ....ငါ
ကမ္ဘာက ....မင်း
အလင်းရောင်က ငါ့အချစ်
ဘယ်အရပ်ကဖြစ်ဖြစ်
ချစ်နေမှာပါ
ပင်လယ်က...ငါ
မြစ်တစ်စင်းက...မင်း
မျောနေတာက မင်းအမုန်း
ဘယ်လိုပဲဖြစ်ဖြစ်
ပြုံးပြုံးလေးနဲ့ စီးဝင်နိုင်ပါတယ်
ဒါပေမဲ့
ငါ့အချစ်တွေကို
အသိအမှတ်ပြုတဲ့ တစ်နေ့
တစ်ချက်လောက် လှည့်ကြည့်ပေးရင်
ငါ ကျေနပ်ပါတယ်........
၁၃.၇.၀၇

No comments: