Saturday, September 6, 2008
နိယာမ
လူတွေရယ်လေ
Don't ဆိုတာကိုလုပ်ချင်ပြီး
Do ဆိုတာကျရှောင်ကြတယ်
ဒါ ...နိယာမတဲ့
မချစ်နဲ့ ပြောရက်နဲ့
ဘယ်သူမှမသိဘဲ
နှလုံးသားကချစ်မိသွားသတဲ့
ဒါဟာ ပြစ်မှု တစ်ခုလား?
ပြစ်မှုတစ်ခုသာဆို
အချစ်ကို ဝင်ခွင့်ပေးတဲ့
နှလုံးသားတံခါးမှူးကို
သေဒဏ်ပေရမှာပေါ့
ဒါပေမဲ့
သူက လျှောက်လွှဲချက်ပေးသွားတယ်
ဒါလဲ....
နိယာမပါတဲ့.....................
၁၅.၇.၀၇
Subscribe to:
Post Comments (Atom)
No comments:
Post a Comment